. ကိုဝဏ္ဏက ကိုယ်မျှဝေထားတဲ့ Knowledge နဲ့ ကိုယ့်ကို ပြန်ပြီး တိုက်ခိုက်တဲ့ အတွက် ဘယ်လိုတုန့်ပြန် သင့်သလဲ ဆိုပြီးကျွန်တော့်ကို အကြံတောင်းပါတယ်။ ဒီအကြောင်း မဆွေးနွေးခင်မှာ ကျွန်တော်တို့ မျှဝေခြင်းနဲ့ ပတ်သတ်ပြီး အနည်းငယ် ဆွေးနွေးချင်ပါတယ်။
. ကျွန်တ်ာတို့တွေဟာ အစဉ်သင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်း အတွင်း ရောက်ရှိနေကြပြီ ဖြစ်တဲ့အတွက်ကြောင့် ပညာတွေကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေ သင်ကြားနေကြပါတယ်။ စာသင်ခန်းတွေ၊ လုပ်ငန်းအတွေ့အကြုံတွေကနေ တဆင့် သင်ယူရရှိလာတဲ့ ပညာတွေ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ ရှာဖွေ စုဆောင်းခဲ့ကြတဲ့ ဒီပညာတွေဟာ ဘာလုပ်ဖို့ အတွက်ပါလဲ။ ကျွန်တော်ကတော့ အဓိက ပြန်လည်အသုံးချဖို့ အတွက်ဘဲလို့ ယူဆပါတယ်။
. ဒီပညာတွေကို ကျွန်တော်တို့တွေ သာမက ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေကိုလည်း တဆင့် ပြန်လည်မျှဝေ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမျှဝေ ပေးလိုက်တဲ့အတွက် သင့်ပညာတွေ ပွန်းပဲ့ပါသွားမှာကို စိုးရိမ်မနေပါနဲ့။ ပွန်းပဲ့မသွားတဲ့ အပြင် တိုးပွားတောင်လာပါ အုံးမယ်။ ဒီနေ့ ခေတ်မှာ ပညာတွေကို လွယ်လင့် တကူရရှိနိုင်တဲ့ နေရာတွေများစွာ ရှိပါတယ်။ ဒီပညာရပ်ကို သင်မျှဝေမပေးတဲ့အတွက် သင့်ထံမှသူမရလဲ သိပ်မကွာတဲ့ အချိန်ကာလ အတွင်းမှာဘဲ
တစ်ခြားတစ်နေ ရာကနေ လွယ်လင့်တကူ ရရှိနိုင်မှာ မလွဲဧကန်ပါ။
. ဒီလိုပညာရရှိနိုင်တဲ့ နေရာတွေ များစွာရှိတဲ့ ထဲကနေမှ သင်မျှဝေခွင့် ရရှိလိုက်တယ် ဆိုတာကိုဘဲ သင်ဂုဏ်ယူ နေသင့်တာပါ။ သင်ထံက ပညာရရှိသွားသူ တစ်ယောက်ထံမှ ဒီပညာရပ်နဲ့ ပတ်သတ်တဲ့ မတူညီတဲ့ အမြင်တွေသာမက သူရရှိလာတဲ့ ပညာတွေကိုလည်း ပထမဆုံးပြန်လည် လက်ခံခွင့်ရရှိ မှာသင်ဖြစ်မှာ မလွဲပေ။ အဲ သင်က သူသိချင်တာတွေကို မျှဝေမပေးဘဲ ပညာလျှိုထားခဲ့မယ် ဆိုရင်တော့ သူထံမှသင် ဘာပညာရပ်တွေကိုမှ ရရှိဖို့မမျှော်လင့်ပါနဲ့တော့။ သင့်ရဲ့ တံခါးကို သင်ကိုယ်တိုင်ပိတ်လိုက်တာပါဘဲ။
. ဒါကြောင့် ကျွန်တော်တို့ရဲ့ အသိပညာတွေကို ဘယ်လိုအကြောင်းတွေကြောင့်ဘဲ မျှဝေမျှဝေ စိတ်ထားကောင်းလေး ထားပြီးမျှဝေလိုက်ပါ။ ဒီမျှဝေမှုတွေကြောင့် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ဘဲ တိုးတက်အောင်မြင်မှုတွေ ဆီကို ပို့ဆောင်ပေးနိုင်တယ်လို့ ကျွန်တော်ကတော့ အခိုင်အမာ ယုံကြည်ပါတယ်။
. ကိုယ်မျှဝေထားတဲ့ ပညာတွေနဲ့ ကိုယ့်ကိုပြန်တိုက်ခိုက်တာ ခံနေရတယ်ဆိုတဲ့ ကိုဝဏ္ဏရေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ခိုက်တာ ခံနေရတယ်ဆိုတာ မသိပေမယ့် နည်းနည်း အကြံပေးချင်ပါတယ်။ ကိုယ်ကမျှဝေထားတဲ့ သူဖြစ်လေတော့ သူထက်ပိုပြီး ဒီပညာရပ်တေါကို နားလည်နိုင်စရာအကြောင်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီတော့ငှာ သူရဲ့တိုက်ခိုက်မှုတွေအတွက် ငါသင်ပေးလိုက်တာတွေနဲ့ ငါ့ကိုဆရာပြန်လာလုပ်နေတယ် ဆိုတဲ့စိတ်ကို
တက်နိုင်သမျှမေ့ဖျောက်ပြီး နည်းပညာရပ်ဆိုင်ရာ ကျကျ ပြန်လည်ရင်ဆိုင်ဖြေရှင်းပါ။
. ကိုယ်မှန်ကန်တဲ့ ကိစ္စတစ်ခုအတွက် ဘာကိုမှ ဂရုစိုက်ရန် မလိုပါ။ နောက်သူနဲ့ ဆက်ဆံတိုင်း သတိထားပြီး ဆက်ဆံပါ။ ကိုယ့်ဘက်က လုံခြုံအောင်အမြဲ ဂရုစိုက် ပြီးမှန်မှန်ကန်ကန် ရပ်တည်ပါ။ အဓိက ပြောချင်တာက ဒီလိုလူတစ်ယောက် အတွက် သင့်ရဲ့ခံယူချက်ကို မပျက်စီးပါစေနဲ့ ကိုယ်တံခါးတွေကို စွဲပိတ်မပစ်လိုက်ပါနဲ့ လို့ပြောချင်ပါတယ်။ ကိုယ်မှန်ကန်စွာ ရပ်တည်နေဖို့သာ လိုအပ်တာပါ။အားလုံးကို မျှဝေသူတွေ ဖြစ်စေချင်တဲ့
technorati
Saturday, September 22, 2007
မျှဝေသူများသို့
Posted by
မျိုးသန်.
at
12:31 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment