ကမ္ဘာ.ပေါ်တွင် ကျော်ကြားသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် TIME မဂ္ဂဇင်းက နှစ်တစ်ကုန်ဆုံးပြီးတိုင်း ကုန်ဆုံးခဲ့သောနှစ်အတွင်း အောင်မြင်ထင်ရှားခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ.အစည်း၊နည်းပညာ အစရှိသည်တို.ကို နှစ်တစ်နှစ်၏အအောင်မြင်ဆုံး Person of the Year အဖြစ်သတ်မှတ်ပေးပါတယ်၊ TIME မဂ္ဂဇင်း ၏သတ်မှတ်ချက်ကိုကမ္ဘာတစ်ဝှမ်းရှိ ပညာရပ်နယ်ပယ် အသီးသီးမှ ပညာရှင်ပေါင်းများစွာ အပါအ၀င် ကမ္ဘာ တစ်ဝှမ်းလုံးရှိ လူသားထုအများစုက စိတ်ဝင်တစားစောင့် မျှော်နေလေ့ရှိပါတယ်။ ဘာကြောင့် ကမ္ဘာတစ်ဝှမ်းလုံး ကပညာရှင်တွေ အပါအ၀င် လူသားထုများစွာတို.က စောင့်မျှော်နေကြရပါသလဲ၊ TIME မဂ္ဂဇင်းရဲ. သတ်မှတ်ချက်တိုင်းဟာ အခြေခံအကြောင်းအရင်း ခိုင်လုံစွာဖြင့် အများလက်ခံနိုင်အောင် ယုတ္တိကျပြီး နောင်လာမည့်နှစ်တိုင်အောင် သေချာပေါက်လွှမ်းမိုးနေနိုင်တဲ့ အတွက်ပဲဖြစ်တယ်လို. သုံးသပ်မိပါတယ်။ ကုန်ဆုံးခဲ့တဲ့နှစ်အတွက် အအောင်မြင်ဆုံးလို. ဆိုသော်ငြားလည်း ၎င်း၏အောင်မြင်မှုမှာTIME မဂ္ဂဇင်း ၏သတ်မှတ်ပေးပြီးသည့် အချိန်တွင်မှလူသားတို.က ပိုမိုသတိထားမိကာအသိအမှတ်ပြုမှုတို. ကြောင့်နောင်လာမည့်နှစ်မှာ ပိုမိုထင်ရှားအောင်မြင်လာခဲ့တယ်ဟု ကျွန်ုပ်ဆိုလျှင်သင်ငြင်းမည်လော.....? TIME မဂ္ဂဇင်း ကသတ်မှတ်ခဲ့ဖူးသူများတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ပါဝင်သလို အစုအဖွဲ.လိုက် (ဥပမာ-အမေရိကန်စစ်တပ်၊ အမေရိကန်အမျိုးသမီးများ) ၊ တွေလည်းပါဝင်ပါတယ်။ တစ်နှစ်မှာတော့ ကွန်ပျူတာ ကို ပုံမှန်နှင့်မတူဘဲ Person of the Year အဖြစ် ထူးခြားစွာသတ်မှတ်ပေးခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်အတွက်ကရော ဘယ်သူပါလဲ သင်သိရှိပြီးသားဖြစ်လိမ့်မည်လို. ကျွန်တော်ထင်ပါတယ်။ အကယ်၍ သင်မသိသေးဖူးဆိုရင်တော့ သင်မသိရှိခဲ့ရတဲ့ အချိန်တွေအတွက် သင့်ကိုယ်စား ကျွန်တော်များစွာဝမ်းနည်းနှမြောမိပါတယ်။ မသိသေးတဲ့သူကတော့ ကျွန်တော့ကို ဒါလေးမသိတော့ကောဘာဖြစ်သလဲ၊ သိသွားတော့ကော ဘာဖြစ်လာစရာအကြောင်းရှိသလဲလို. မေးချင်လိမ့်မည်ဟုထင်ပါတယ်။ သင့်ကို သင့်ရဲ. ကိုယ်ပိုင်စွမ်းဆောင်ချက်တွေကြောင့် ဂုဏ်ပြုအသိအမှတ်ပြုနေကြတာကို သင်ချက်ချင်း မသိရှိဘဲ နောက်ကျမှသိရှိခဲ့ရမယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲ..........?
လူသားတွေဟာ မိမိတို.ရဲ.ရပ်တည် ချက်တွေခိုင်မာအောင်မြင်ဖို. အတွက်ယုံကြည်ချက်တွေရှိဖို. လိုအပ်တယ်လို. ကျွန်တော်ထင်ပါတယ်။
ဒီယုံကြည်ချက်တွေဘယ်နေရာတွေကနေရမလဲ .............? ၊ ဘယ်နေရာတွေကမဆိုယုံကြည်ချက်တွေ ရရှိပါစေ အခိုင်မာဆုံး၊ အောင်မြင်မှုတွေဆီ ရောက်အောင် တွန်းအားအပေးနိုင်ဆုံးသော ယုံကြည်ချက်တွေက အသိအမှတ်ပြုခံရမှုတွေကနေ တစ်ဆင့်ရရှိလာတယ်လို. ကျွန်တော်ယုံကြည်ပါတယ်။ အသိအမှတ်ပြုသူရဲ. အခြေအနေ နဲ. အနေအထားကလည်း လိုအပ်ပါသေးတယ်။ ဒီလို ကမ္ဘာ.ပေါ်မှာ ကျော်ကြားတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ TIME မဂ္ဂဇင်းက အသိမှတ်ပြုခံရပြီဆိုရင်ဖြင့် ဆိုဖွယ်ရာမရှိပေ။ ဒီလိုအသိအမှတ်ပြုခံရနိုင်ဖို.အတွက် ဘာတွေလိုအပ်ပါသလဲ .................?
လွန်ခဲ့သော ဆယ်စုနှစ်ကဆိုရင်တော့ သင်မှာလိုအပ်ချက်တွေများခဲ့မှာအမှန်ပါ၊ ကန်.သတ်ချက်တွေ များလွန်းအားကြီးတဲ့အတွက် သင့်ကိုယ်တိုင် ဒီတစ်သက်ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေတောင်လွယ်လွယ်နဲ. ၀င်ရောက်နိုင်ပါတယ်။ ဒီနေ.ခေတ်အတွက်တော့ ကျွန်တော်တို.အားလုံးမှာ ဒါတွေမလိုအပ်တော့ပါဘူး။ ဘာကြောင့်ပါသလဲ ........?
သင်ကိုယ်တိုင် TIME မဂ္ဂဇင်းက သတ်မှတ်သော Person of the Year ဖြစ်နေလို.ပါပဲ။ ဟုတ်ပါတယ် TIME မဂ္ဂဇင်းကသတ်မှတ်သော ၂၀၀၆ ခုနှစ်အတွက် Person of the Year ကသင်ကိုယ်တိုင်ဖြစ်နေလို.ပါပဲ၊ ဟုတ်ကဲ့ YOU ပါတဲ့ခင်ဗျာ သင်ကိုယ်တိုင်ပါပဲ။ သေချာအောင် သူက ဟုတ်ပါတယ် သေချာပေါက်သင်ကိုယ်တိုင်ပါပဲ၊ ယနေ. သတင်းအချက်အလက်နဲ.နည်းပညာခေတ် ကိုထိန်းချုပ်မည့်သူမှာ သင်ကိုယ်တိုင် ဖြစ်ပါတယ်လို. သေချာထပ်ပြောလိုက်ပါသေးတယ်။ ဘာကြောင့်သင်အပါအ၀င် မည်သူတစ်ဦးတစ်ယောက်ကို မဆိုယုံကြည်စွာဖြင့် အခွင့်အာဏာအပ်နှင်းရသလဲ ဆိုတာကိုတော့
Saturday, September 15, 2007
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊အစုအဖွဲ. တစ်ခုတွင်မှအာဏာရှိတာမဟုတ်ပါ၊ လူတိုင်းမှာအခွင့်အာဏာရှိပါတယ်
Posted by
မျိုးသန်.
at
2:54 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment