Monday, September 17, 2007

Computer Network အကြောင်း လေ့လာကြပါစို. ၁

ကျွန်တော့်ရဲ. Blog မှာ Networking နဲ.သက်ဆိုင်တဲ့ အကြောင်းအရာ တွေကို တက်နိုင်သမျှ ရေးသားမျှဝေသွား ဖို.ရည်ရွယ်ထားပါတယ်။ ဒီနေ.မှာတော့ Network ရဲ.အဓိပ္ပါယ် ဖွင့်ဆိုချက်၊ အကျိုးပြုမှုတွေနဲ. အခြေခံ အကြောင်း အရာများကို ရေးသားပါ့မယ်။ Network ရဲ. အဓိပ္ပါယ်ကို ခြုံပြော ရမည်ဆိုလျှင် အပြန်အလှန် ဆက်သွယ် ချိတ်ဆက် ထားသော စနစ်၊ အစုအဝေး စသည့် ဆက်သွယ် ချိတ်ဆက်မှု အရာအားလုံးကို Network လို. ခေါ်ဆို နိုင်ပါတယ်။ ကျွန်တော်က ဆက်သွယ် Computer Network အကြောင်းကို ဆွေးနွေးသွား မှာပါ။ နောက်ပိုင်း ဖတ်ရှုရေးသား ရာမှာ အဆင်ပြေအောင် Computer Network ကို Network လို. ပဲရေးသွားပါ့မယ်။
Network ဆို တာ နှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုတဲ့ Computer တွေ ဆက်သွယ်ချိတ်ဆက် ထားတဲ့ အစုအဝေး ကို Network လို.ခေါ်ပါတယ်။ နောက်ပိုင်း Network စနစ်ပေါ်မှာ Computer တွေသာမက အခြား မည်သည့် Electronic ပစ္စည်းမဆို ဆက်သွယ် ချိတ်ဆက်နိုင်လာတဲ့ အတွက် အပေါ်က ဆဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ အပြည့်အ၀ မှန်ကန်တယ်လို. မပြောနိုင် တော့ပါဖူး။ ဒီအခါ Network ဆိုတာ Device တွေပေါင်းစီး ဆက်သွယ်ချိတ်ဆက် ထားတဲ့ အစုအဖွဲ.၊ အစုအဝေး ပါဆိုတဲ့ ဖွင့်ဆိုချက် တစ်ခုထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
Network ကိုစတင် လေ့လာသူတွေ အတွက် ပထမဖွင့်ဆိုချက်က ရှင်းလင်းလွယ်ကူစွာ နားလည်နိုင်ပြီး ဒုတိယ ဖွင့်ဆိုချက် ကတော့ ပိုမို တိကျမှန်ကန်တယ်လို. ကျွန်တော်ယူဆ ပါတယ်။
ကဲ Network စနစ်တွေ ကိုဘာကြောင်၊ဘာရည်ရွယ်ချက်တွေနဲ. တပ်ဆင်အသုံးပြုရပါသလဲ။ တစ်နည်းအားဖြင့် Network ရဲ.အကျိုးကျေးဇူးတွေပေါ့။ နံပါတ် တစ် အချက်က ဆက်သွယ်ဆောင်ရွက်ဖို.နဲ.၊ ဆက်သွယ်ဆောင်ရွက်လို. ရလာတဲ့ Connection တွေပေါ်မှာ လုပ်ငန်းတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ဖို. အတွက်ပါ။နံပါတ် နှစ် အချက်ကတော့ သတင်းအချက်လက်(Information) တွေကို မျှဝေဖို.အတွက်ပါ။ နံပါတ် သုံး အချက်ကတော့ အရင်းအမြစ်(Resource) တွေကိုမျှဝေဖို.အတွက်ပါ။
ဒီအချက်တွေရဲ. အသေးစိတ်အကြောင်းအရာ တွေကို ဆက်လက်ရေး သားသွားမှာဖြစ်လို၊ Network အကြောင်းကို အခန်းဆက် ရေးသား သွားမှာပါ။ ဒါအပြင် စိတ်ဝင်စာဖွယ်ရာ နည်းပညာသစ်တွေ အကြောင်းကို လည်း အလျင်းသင့် သလို ဆွေနွေးသွားပါမယ်။
ဒီလိုရေးသားရာမှာ Network အခန်းဆက် ကိုတော့ စတင်လေ့လာသူတွေ နားလည်လွယ်အောင် တက်နိုင်သမျှ ကြိုးစားရေးသားမှာ ဖြစ်တဲ့အတွက် သိရှိပြီးသားသူများ အနေနဲ. သည်းခံဖတ်ရှု စေလိုပါတယ်။ သိပြီးသားဆိုပြီး မဖတ်ပဲ မနေပါနဲ. ကျေးဇူးပြု ၍ ဖတ်ရှုစေလိုပါတယ်။ ဒီလိုဖတ်ရှု ပြီး အမှားများတွေ. ခဲ့ပါက နောက်လူအမှတ် မမှားရအောင် ပြင်ဆင်ထောက်ပြ ပေးဖို.အနူး အညွတ်မေတ္တာရပ်ခံပါတယ်။ ဆွေးနွေး စရာရှိ လျှင်လည်း လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး နိုင်ပါကြောင်း။
Technorati

1 comment:

Hla Myo Tun said...

Sayar Myo Thant,I visited your blog.