Wednesday, February 27, 2008

မီးပျက်နေတဲ့ မန်း ICT ပြပွဲ






၃-၂-၂၀၀၈ မှာ မန်းမြို့မှာ လုပ်တဲ့ ICT ပြပွဲကို ရောက်ခဲ့ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ ၁နာရီအတွင်းမှာကို မီးချို့ယွင်းမှု ၄ -၅ ကြိမ် လောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်နည်းပညာတွေ မြင့်လာမြင့်လာ ICT လုပ်ငန်းရဲ့ အဓိက Infrastructure (အခြေခံအုတ်မြစ်) ကတော့ electrical power ပါဘဲဗျာ။ လုံလောက်တဲ့ electrical power မရမချင်းတော့ ICT ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အရှိန်အဟုန်နှေးနေ အုန်းမှာဘဲလို့ သုံးသပ်မိပါတယ်ဗျာ။