ဒီ Blog လေးကိုစရေးတော့ လူတိုင်း Blog တွေလုပ်ကြတဲ့ အချိန်မှာ IT field ထဲမှာနေနေတဲ့ လူတစ်ယောက်အနေနဲ့ ဘာရယ်မဟုတ်ဘဲ စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ရေးရင်း ရေးရင်းနဲ့ လူတွေဖတ်စေချင်တဲ့ ဆန္ဒတွေများများလာတယ်။ ကိုယ်ရေးချင်တဲ့ ကြောင်းအရာထက် ဘာအကြောင်းရေးရင်လူတွေ စိတ်ဝင်စားကြမလဲ ဆိုတာကိုဘဲ အမြဲ အလေးပေး စဉ်းစားလာမိတယ်။ တဖြေးဖြေးနဲ့ ကိုယ်ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေကို ကိုဘာသာ ပိတ်ပင်မှန်းမသိ ပိတ်ပင် မိလာတယ်။ လူဖြစ်တဲ့ အတွက် အသိအမှတ်ပြုခံမှုကို တက်မက်လိုချင်တဲ့ စိတ်ရှိခဲ့တယ်။ အသိအမှတ်ပြု မခံရခင် တုံးကတော့ သာမန်တက်မက်မှု အဆင့်ဘဲရှိသေးတယ်။ နည်းနည်းအသိအမှတ်ပြု ခံရပြီးတဲ့နောက်မှာမှ အသိအမှတ်ပြုခံရမှုတွေ နည်းသွားမယ်၊ ဒါမှမဟုတ် မရှိတော့ဘူး ဆိုရင် ပိုပိုပြီးတော့ မခံမရက်နိုင်နဲ့ နေမထိထိုင်မသာ ဖြစ်လာနိုင်တယ်။
အသိအမှတ်ပြုခံရမှုနောက်ကို လိုက်ရင် ကို့ရဲ့လွတ်လပ်မှုတွေကို ဆုံးရှုံးလိုက်ရမယ်ဆိုတာကိုသိလာတယ်။ အသိအမှတ်ပြုခံရမှုတွေနဲ့ ထင်ပေါ်မှုနောက်ကို လိုက်မလား ? လွတ်လပ်ပေါ့ပါးစွာ ရှင်သန်နေထိုင်မလား ? တစ်ခုကိုလိုချင်ရင် တစ်ခုကိုတော့စွန့်လွှတ် ရမှာပေါ့။ တစ်ခါတစ်ရံမှာတော့ နှစ်ခုလုံးကို တစ်ပြိုင်တည်းရနိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ထားပြီးမရခဲ့ရင် အတိုင်းထက်အလွန် ပိုပြီး ခံစားရ အုံးမှာပါ။
ကျွန်တော်ကတော့ လွတ်လပ်မှုကို တခြားမျှော်လင့် ချက် ကင်းစွာနဲ့ ရွေးချယ်လိုက်ချင်တယ်။ ကျွန်တော့်ဒီ Blog လေးမှာ အခုအချိန်ကစပြီးတော့ ရေးချင်တဲ့ အချိန်မှာ ရေးချင်တဲ့ အကြောင်းအရာကို ရေးမယ်။ ဒီ Blog ကို ဖတ်တဲ့လူတွေ ဘာမှမျှော်လင့် ပါနဲ့လို့ မေတ္တာရပ်ပါတယ်။ :)
ကျွန်တော် ရေးချင်တဲ့ အချိန်မှာ ရေးချင်တဲ့ အကြောင်းအရာကို နှောင်ဖွဲ့မှု ကင်းစွာနဲ့ပဲ ဆက်လက် ရှင်သန်စေပါတော့မယ်။
Sunday, September 14, 2008
မမျှော်လင့်တာကောင်းပါတယ်
Posted by
မျိုးသန်.
at
10:36 AM
Subscribe to:
Post Comments (Atom)
1 comment:
hi beautiful blogWe have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment