Saturday, September 15, 2007

Blog ကိုဒီလိုရည်ရွယ်ချက်တွေနဲ.အစပြုခဲ့တယ်

လူတစ်ယောက်မွေးဖွားလာသည်. အချိန်မှစ၍မိဘ၊မောင်နှမတွေနဲ. နေထိုင်ကြီးပြင်းလာခဲ့ကြတယ်၊ အရွယ်ရောက်လာကြပြီဆိုပြန်ရင်လည်း မိမိနဲ.သင့်တော် ရာအပေါင်းအသင်းတွေနဲ. ပေါင်းသင်းနေထိုင်ကြပါတယ်၊ လုပ်ငန်းခွင်ရောက်ပြန်တော့လည်း မိတ်ဆွေသစ်တွေထပ်မံရရှိကြပြန်ပါတယ်၊ အဓိကဆိုလိုချင်တာကတော့ လူရယ်လို.ဖြစ်လာကြပြီဆိုတာနဲ. တစ်ဦးတစ်ယောက်တည်းရပ်တည်လို.မရဘဲ သက်ဆိုင်ရာပတ်ဝန်းကျင်နှင့် ပူးပေါင်းရပ်တည်နေထိုင်ရတယ်လို.ဆိုလိုချင်တာပါ။ ဒါပေမယ့်လူသားတွေဟာ ပညာရှာဖွေဖို.၊မိမိဘ၀ရပ်တည်နိုင်ဖို.စတယ့် အကြောင်းပြချက်တွေနဲ. သင့်တော်ရာနေရာဒေသတွေကို ပြောင်းရွှေ.နေထိုင်ကြရပါတယ်။ ဒီအခါမှာပတ်ဝန်းကျင်သစ်မှာမှာ မိတ်ဆွေသစ်တွေရရှိလာကြပေမယ့် မိမိကျင်လည်နေထိုင်ခဲ့ရာ ပတ်ဝန်းကျင်ဟောင်းကမိတ်ဆွေတွေနဲ. တဖြည်းဖြည်းဝေးကွာကာ အဆက်အသွယ်တွေပြတ်တောက်ခဲ့ရပါတယ်။ ဒါကြောင့်ဒီ Blog လေးကနေတစ်ဆင့် မိမိကျင်လည်ခဲ့ရာဒေသအသီးသီးကမိတ်ဆွေတွေနဲ. ဘယ်ဒေသတွေရောက်ရှိကာဘယ်လောက်ပင်ဝေးကွာနေပါစေ အစဉ်အမြဲအဆက်အသွယ်မပြတ် နီးနီးလေးဖြစ်နေစေနိုင်သည့် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုဖြစ်လာကာ မိတ်ဆွေသစ်တွေအစဉ်အမြဲတိုးပွားလာလိမ့်မည်ဟုယုံကြည်မျှော်လင့်ခြင်းများစွာဖြင်. .................................

No comments: