Sunday, February 24, 2008

ရိုးရာ စားသောက်ဖွယ်







ရေခဲတမျှ အေးစက်လှသည့် မြစ်ရေမှ အတက် လေနုအေးက ဝှေ့ကာတိုက်လာ ခိုက်ကာတုန်အောင် ချမ်းအေးလှပါတကား။
ဆိုင်ရှင် ဦးလေးယူကာပေးသည့် စပီခေါ်သည့် ကချင်ခေါင်ရည် တစ်ကျိုက် မော့ကာပေးမှ နေသာထိုင်သာ ရှိသဗျ။
ဧရာဝတီမြစ်ရေပြင်က ဖမ်းကာကင်သည့် ရေချိုငါးကင် လတ်ကာချိုသည် အရသာရှိလှပေစွ။
ဖက်နှင့်ထုတ်ကာ ပေးကာလာသည့် အထုတ်ကိုဖြည်သော် သင်းကာကြိုင်တဲ့ ကချင်ဆန်နဲ့ချက်ကာထားတဲ့ ထမင်းဖြူဖြူ ဖြစ်လေစွ။
ပြောင်သားဆိုတာ ရှိတယ်ဆိုငြား၊ ဘယ်သို့နူးညံ့ဆိုစေကာမူ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဂရုပြုလို့ ၀က်သားသုပ်သာ စားခဲ့ပါသည်။

No comments: