Saturday, September 15, 2007

ဘာကြောင့်မြန်မာလိုရေးရပါတယ်

ကျွန်တော်ဒီBlogလေးရေးမယ်ဆိုတဲ့အကြောင်း ကိုရင်းနှီးတဲ့သူတွေကိုပြောဖြစ်တော့တစ်ချို. ကကျွန်တော့်ကိုအင်္ဂလိပ်လိုရေးဖို. စေတနာကောင်းတွေနဲ. အကြံပေးကြပါတယ်။ သူတို.ထောက်ပြတဲ့အချက်ကတော့ အင်္ဂလိုရေးတဲ့အတွက် ဖတ်ရှုသူပိုများပြီး International ကိုထိုးဖောက်ဖို. အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုအကြံပေးခဲ့ကြတယ့် သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်အဒီအကြံပေးချက်အတိုင်း မဆောင်ရွက်နိုင်တဲ့အတွက် တော့ဝမ်းနည်းပါတယ်။ ဒီနေရာမှာကျွန်တော့်ရဲ.Blog ကိုမြန်မာလိုရေးဖြစ်ရတဲ့ ရည်ရွယ်ချက်တွေကို နည်းနည်းတင်ပြချင်ပါတယ်။ ကျွန်တော့်ရဲ.ရှေ.မှာ မြန်မာလိုရေးသားကြတဲ့သူတွေ အများကြီးရှိကြပါတယ်၊ သူတို.မှာလည်း သူတို.ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိကြမှာပါ။ ကျွန်တော်မြန်မာလိုရေးဖြစ်တဲ့ အကြောင်းတွေကတော့ မိခင်ဘာသာစကားဖြစ်တာရယ်၊ မြန်မာလိုဖတ်ရှုနိုင်တဲ့ online media တွေနည်းပါးနေသေးတာရယ်၊ နောက်တစ်ချက်ကတော့ ကျွန်တော်တို.ဆီမှာ နည်းပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို မြန်မာဘာသာနဲ. ရေးသားတာအလွန်နည်းပါးနေသာတာကြောင့် တက်စွမ်းသမျှ ဖြည့်ဆည်းပေးချင်တဲ့ အချက်ဖြစ်ပါတယ်။ (နောက်အရေးအကြီးဆုံး အချက်ကတော့ အင်္ဂလိပ်စာကို လိုအပ်သလိုရေးသားနိုင်တဲ့ အထိမကျွမ်းကျင်လို.ပါ။)

1 comment:

kay said...

ဘလော့ဂါ..ဘာကြောင့်မြန်မာလိုရေးသလဲဆိုတာကို ဖတ်ပီး ..ကျမတို့ရော ဘာကြောင့်မြန်မာလိုရေးသလဲ ဆိုတဲ့ အကြောင်းတချက် ထပ်ဖြည့်လိုက်ချင်ပါတယ်။ မြန်မာအကြောင်းကို ကမ္ဘာဖတ်အောင် ရေးဖို့ထက် တနေရာစီမှာရှိနေ ..စေတနာတွေတူနေကြတဲ့ ..လူတွေစုပီး မြန်မာ့အရေးကို မြန်မာများပိုမိုမြှင့်တင်နိုင်ဖို့ လိုနေတာပါ။ မြန်မာဘလော့တွေရဲ့ လားရာကလည်း အဲလိုပဲသွားနေပါတယ်။ ကမ္ဘာကြီး မှာ အရေးကိစ္စတွေ များလွန်းတဲ့ အတွက် ကိုယ်နဲ့ဆိုင်ရာဆိုင်ရာ နယ်ပယ်လေးတွေကို တနိုင်တပိုင် အာရုံစိုက်ပီး ကိုယ့်တာဝန် ကိုယ်ယူကြဖို့ ပိုအရေးကြီးနေပါတယ်။