Saturday, September 15, 2007

သေချာပေါက်သင့်မှာအခွင့်အာဏာရှိပါတယ၊် သင်လည်းအာဏာရှင်ပါဘဲ

Internet စနစ်ပေါ်က ယနေ.အထင်ရှားဆုံးဝန်ဆောင်မှုမှာ web sevice ဖြစ်ပါတယ်။ web ဆိုတာစတင်ပေါ်ပေါက် လာခဲ့စဉ် မှာတော့ ကြော်ငြာ နဲ.သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အဓိကအသုံးပြုခဲ့ကြပါတယ်။နောက် သတင်းအချက်အလက် မျှဝေမှုတွေမှာပါ ကျယ်ပြန်.စွာ ပြောင်းလဲအသုံးပြုလာ ခဲ့တဲ့အတွက် ပုံနှိပ် media ကနေ online media အဖြစ် media ပုံစံပြောင်းလဲလာတယ်လို.လည်း ဆိုနိုင်ပါတယ်။ web ဟာစတင်ပေါ်ပေါက် လာခဲ့စဉ်ကာလတွေက တော့ ကြော်ငြာ တဲ့သူတွေ၊ အချက်အလက်မျှဝေတဲ့သူတွေ၊ oline media တွေကို user တွေက သူတို.တင်သမျှ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ အနေအထားပါ။ ဒီလို oline ပေါ်အချက်အလက်တင့်တဲ့ သူတွေဟာ အဖွဲ.အစည်းနဲ.ဆောင်ရွက်ရ တဲ့ကိစ္စတွေ၊ တခြားအကြောင်းကြောင်းသော ကိစ္စတွေကြောင့် Internet အသုံးပြုသူတွေရဲ.လိုအင်ကို ကျေနပ်လောက်အောင် Internet ရဲ.မြန်နှုန်းနဲ.အမှီ တစ်ခါတစ်ရံမှာ လိုက်ပါဆောင်ရွက်နိုင်မှုတွေ မရှိ တဲ့အခါ မှာ အားမလိုအားမရမှုတွေ နဲ.ကိုယ်တိုင်ဆောင်ရွက်လိုစိတ်တွေ ပေါ်ပေါက်လာခဲ့ပါ တယ်။ ဒါကြောင့်နောက်ပိုင်း Internet ပေါ်က web စာမျက်နှာတွေဟာ မျှဝေကြသူတွေရဲ. အယူအဆတစ်ခုတည်းကိုပဲ အဓိကမထားဘဲ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ Interactive အနေအထားကို ကူးပြောင်းလာခဲ့ပါတယ်။ ကြော်ငြာ web site တွေအနေ နဲ.လည်း ကုန် ပစ္စည်းကြော်ငြာရုံ သက်သက်မဟုတ်တော့ဘဲ ပစ္စည်း တစ်ခုချင်းဆီ ရဲ.အားသားချက်၊ အားနည်းချက်တွေကို အသုံးပြုသူ customer တွေ မှတ်ချက်ပေးနိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ကုမ္ပဏီ အနေနဲ. သီးခြားငွေကုန်ခံ အချက်အလက်ကောက်ယူစရာမလို ဘဲမိမိကုန်ပစ္စည်းနဲ.သက်ဆိုင်တဲ့အချက်အလက်တွေကို အရန်သင့်ရရှိနိုင်သလို customer တွေအနေနဲ.လည်း စိတ်ကျေနပ်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ပါတယ်။ အရင်က သတင်းထောက်တစ်ယောက် ဖြစ်နိုင်ဖို.အတွက် မလွယ်ပါ။ သင်ရဲ.သတင်းဖေါ်ပြခံ ရဖို.အတွက် ဂျာနယ်၊မဂ္ဂဇင်း ၁၀ စောင်လောက် ကို ၁၀ ကြိမ်မကပို.တောင် သင့်သတင်းမဖေါ်ပြခံရမှာမဟုတ်ပါ။ ယနေ.Internet ပေါ်မှာတော့ သင့်သတင်းကို သင်ကိုယ်တိုင် တည်းဖြတ်မှုတွေနဲ. တစ်ကမ္ဘာလုံးကို တင်ပြနိုင်တဲ့အနေအထားဖြစ်နေပါပြီ။ သင့်ရဲ.တင်ပြမှုကို အားပေးထောက်ခံမယ့်သူကတော့ အနည်းနဲ.အများ သေချာပေါက်ရှိမှာပါ။ သူတို.ရဲ.အားပေးချီးမြှေက်မှု တွေကတေဆင့် သင့်ကိုသင် ယုံကြည်မှုနဲ.ခွန်အားတွေရရှိလာမှာပါ။ လုပ်ကြည့်လိုက်ပါ သင့်မှာလုပ်နိုင်တဲ့အရည်အချင်းရှိပြီး သင့်ကိုလုပ်ပိုင်ခွင့်အလမ်း တွေလည်းပေးထားတာ သင်ဘာကိုစိုးရွံ.နေပါသလဲ။ မလုပ်နိုင်မှာကိုလား ဒါကိုမစိုးရိမ်ပါနဲ. သင်လုပ်ကြည့်ပြီးပါပြီလား မလုပ်ရသေးရင်လုပ်ကြည့်လိုက်ပါ သေချာပေါက်လုပ်နိုင်မှာပါ။ မလုပ်ကြည့်ရသေးဘဲနဲ. မလုပ်နိုင်မှာကိုမစိုးရိမ်ပါနဲ. သင်လုပ်ကြည့်လိုက်တဲ့အခါမှာမှ သင့်ရဲ.ဆောင်ရွက်နိုင်တဲ့ အရည်အသွေးကို သင်ကိုယ်တိုင် မယုံကြည်နိုင်စွာနဲ. တွေ.ရမှာပါ။ လူသားတိုင်းလူသားတိုင်း မှာမွေးဖွားလာစဉ်ကတည်းက လူသားဆိုတဲ့ဂုဏ်သိက္ခာနဲ. လူသားတိုင်းမှာ ရရှိသင့်ရရှိထိုက်တဲ့ အခွင့်အရေးတွေဟာ အားလုံးတန်းတူညီမျှရှိကြပါတယ်။ ဒါကို နိုင်ငံ၊လူမျိုး၊ဘာသာ၊ငွေကြေး၊ပညာ စတယ့် အဆင့်အတန်းအမျိုးမျိုးကို အကြောင်းပြကာ လူသားအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကို ပတ်ဝန်းကျင်တိုင်းမှာ မြင်တွေ.ကြားသိနေကြရမှာပါ။ သေချာပြန်လည်သုံးသပ်ကြည့်ပါ သင်ဟာ ခွဲခြားဆက်ဆံမှုကို ခံရတဲ့သူလား?၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံတက်သူလား?။ ကျွန်တော်ထင်ပါတယ် သင်ဟာ သင့်ထက် အဆင့်အတန်းမြင့်ပါတယ် ဆိုတဲ့လူတွေနဲ. ဆက်ဆံတဲ့အခါမှာ အဒီထဲကတစ်ချို. ကသင့်ကိုခွဲခြားဆက်ဆံလေ့ရှိပြီး၊ သင့်ထက် အဆင့်အတန်းနိမ့်ပါတယ်ဆိုတဲ့ လူတွေနဲ.သင်ဆက်ဆံတဲ့အခါမှာတစ်ချို.ကိုတော့သင်ခွဲခြားဆက်ဆံဖူးလိမ့်ပါမယ်။ ဒါတွေအားလုံး Internet ပေါ်မှာမရှိတော့ပါ လူသားတိုင်းမွေဖွားစဉ်ကတည်းက ရရှိခဲ့တဲ့ဂုဏ်သိက္ခာနဲ. အခွင့်အာဏာကို Internetက အသိအမှတ်ပြုပေးလိုက်ပါပြီ။ ကမ္ဘာပေါ်က ပညာရှင်လို. သက်မှတ်တဲ့သူတွေအပါအ၀င် လူသန်းပေါင်းများစွာက လေ့လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့စွယ်စုံကျမ်းကြီး တစ်စောင်မှာတောင် ၀င်ရောက်ပြင်ဆင်ရေးသားခွင့် ရှိနေတဲ့သင်၊ သင်ဘာကိုမှစိုးရွံ.စရာမရှိတော့ပါ။ နောက်ဆုံးပြောချင်တာက လူတိုင်းမှာအခွင့်အာဏာရှိတာကို သင်ငြင်းချင်ပါသလား၊ ဘက်ပေါင်းဆုံကသေချာစဉ်းစားပါ၊ ငြင်းစရာ မရှိတော့ဘူးဆိုရင်တော့ သင်ဘာလုပ်မလဲ၊ တနည်းအားဖြင့် သင်ပိုင်ဆိုင်တဲ့ အခွင့်အာဏာကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကိုစဉ်းစားအသုံးချကြပါတော့လို. အကြံပြုတိုက်တွန်းလိုက်ပါတယ်။
သင်လည်းအာဏာရှင်ပါဘဲ

1 comment:

Nway Hlaing Thoone said...

ဒီpostဟာ စာဖက်သူကို အားအင်တွေ တိုးပွားစေတာမို့ ကျေးဇူးတင်ပါရဲ့ဗျာ ။အားလုံးအတွက် force ပေးတဲ့စာပါ ။ကောင်းတယ်ဗျို့ ။