Monday, September 24, 2007

Data တွေကိုလုံအောင်သိမ်းမယ်

. ကွန်ပျူတာ ကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေကြသူများ အနေနဲ့ အသုံးပြုတဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့ အမျှ မိမိကွန်ပျူတာ အတွင်းမှာ data တွေ တစ်နေ့တစ်ခြား များပြားလာနေမှာ သေချာပါတယ်။ ဒီ Data တွေဟာ ပြန်လည်ရရှိဖို့ မလွယ်ကူနိုင်တဲ့ Data တွေဖြစ်နိုင်သလို၊ အကြောင်း အမျိုးမျိုးကြောင့် ပေါက်ကြားလို့မရတဲ့ Data မျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က Data တွေကို security ကောင်းအောင် ဘယ်လိုထိန်းသိမ်း ထားရင်ကောင်းမလဲ ဆိုတာကို ဆွေးနွေးချင် ပါတယ်။
. Data တွေကို Hidden လုပ်တာတို့ Security Permission ပေးတယ်တို့ဆိုတာ တကယ်ကျွမ်းကျင်တဲ့ သူနဲ့တွေ့ရင် ၅ မိနစ်အတွင်း အလွယ်တကူနဲ့ မိမိ Data အားလုံးကို မြင်တွေ့ရရှိသွား နိုင်ပါတယ်။ နောက်နည်း တစ်ခုက Windows ကို Password (OS Password) ပေးထားနိုင်ပါတယ်၊ ဒီနည်း ကိုလည်း Password Remover CD တွေသုံးပြီး လွယ်လွယ်ကူကူနဲ့ Password ကို ဖျက်ပစ်နိုင်နေပါပြီ။ အဲ ဒါပေမယ့် Password Remover CD နဲ့ ဖျက်မရတဲ့
အခြေအနေတွေ ရှိပါတယ်။ ဒီလိုအခြေအနေ ဖြစ်ဖို့အတွက် Server Operating System တစ်ခုခုတော့ ပြောင်းအသုံးပြု ရပါလိမ့်မယ်။ ပြီးရင် Active Directory Service တင်လိုက်ပါ ဒါဆို သင့်ကွန်ပျူတာဟာ Domain Controller ဖြစ်သွားပါလိမ့်မယ်။ Domain Controller တွေကို လက်ရှိ ဘယ် Password Remover ကမှ Password မဖျက်နိုင်သေးပါဘူး။
. Password မသိတဲ့ အတွက် သင့် ကွန်ပျူတာကို ၀င်မရပေမယ့် Hard Disk ကိုဖြုတ် ပြီး တခြားစက် တစ်လုံးမှာ သွားတပ်ပြီး သင့် Data တွေကို ရရှိသွား နိုင်ပါသေတယ်။ ဒီလိုသင့် Hard Disk ကို တခြားစက်တစ်လုံးမှာ သွားတပ်ပေမယ့် သင့် Data တွေကို ကြည့်လို့မရစေချင်ရင်တော့ NTFS File System ကိုအသုံးပြုထားဖို့ လိုပါတယ် ပြီးရင် Hard Disk တစ်ခုလုံးကို Encrypt လုပ်ထားလိုက်ပါ။ ဒါဆို သင့် Hard Disk ကို တစ်ခြား ကွန်ပျူတာမှာ သွားတပ်ပြီးကြည့်ရင် သင့် File တွေကိုတော့ တွေ့ရပြီး ဒီ File ထဲမှာ ရှိတဲ့ Data တွေကိုတော့ ဖတ်ရှုလို့ရမှာ မဟုတ်ပါဘူး။
. ဒါကြောင့် ကိုယ့်လုံခြုံရေး အတွက် ကိုယ့် ကွန်ပျူတာ သူများလက်ထဲ ရောက်သွားတောင် Data တွေကို ကြည့်ရှုလို့မရနိုင်အောင် ဆောင်ရွက်ရမည့် အချက်တွေက
၁။ Sever Operating System ကို NTFS File System နှင့်အသုံးပြုပါ
၂။ လုံခြုံစိတ်ချရသော Password သက်မှတ် အသုံးပြုပါ
၃။ Active Directory Service run ပြီး Domain Controller အဖြစ် ဆောင်ရွက်ထားပါ
၎။ Hard Disk မှာ ရှိတဲ့ Partation တိုင်းကို Encrypt လုပ်ထားပါ
. ဒီအချက်တွေတိုင်း ဆောင်ရွက်ထားခဲ့မယ်ဆိုရင် သင်ရဲ့ Data တွေ ကို ကွန်ပျူတာ ပေါ်မှာ ယုံကြည်စိတ်ချစွာ သိုမှီး အသုံးပြုနိုင်ပါပြီ။
. ကျွန်တော့် အတွ့အကြုံအရ ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ဒီ့ထက် လွယ်ကူကောင်းမွန်တဲ့ နည်းလမ်းများရှိရင် မဝေစေလိုပါသည်။
. စမ်းသပ်ကြည့်လိုသူများ အသေးစိတ်သိလိုပါက e-mail address ပေး၍ မေးမြန်းနိုင်ပါသည်။ တက်နိုင်သမျှ ကူညီပေးပါ့မည်။

technorati

1 comment:

မျိုးသန်. said...

local disk တွေကို encrypt မလုပ်နိုင်ပါ folder တွေကိုသာ encrypt လုပ်နိုင်ပါတယ်