လူတွေဟာ ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံနဲ. ဆက်သွယ်ဆောင်ရွက်ဖို. ကြိုးစားလာခဲ့ကြပါတယ်။ ဒီလိုနည်း အမျိုးမျိုးနဲ. ဆက်သွယ်ခဲ့ကြတဲ့အတွက် ဆက်သွယ်ရေး ကြားခံ အသုံးပြုတဲ့ အရာတွေကလည်း ကျေးငှက်တွေကစပြီး နောက်ဆုံး လက်ကိုင်ဖုန်းတွေ အထိအောင်ပဲ ဖြစ်ပါတယ်။ ဒီလို လူပဂ္ဂိုလ်တစ်ဦး ကနေ အခြား လူပဂ္ဂိုလ်တစ်ဦး ထံ computer တွေသုံးပြီး ဆက်သွယ်ဆောင်ရွက်မှု တွေပြုလုပ်မယ်ဆိုရင် Network စနစ် မဖြစ်မနေ ရှိဖို.လိုအပ်ပါတယ်။
Network စနစ်ပေါ်မှာ မျှဝေသုံးစွဲ နိုင်တဲ့ အရင်းအမြစ် (Resource) တွေကတော့
၁။ Sharing Information
၂။ Sharing Computer File & Disk space
၃။ Sharing Printers
၎။ Access to common Fax Machines
၅။ Access to common Modems
၆။ Multiple access to the Internet အစရှိ တဲ့အရာတွေ ဘဲဖြစ်ပါတယ်။
Information ဆိုတာ အဆင်သင့် ဖြန်.ဝေဖတ်ရှု နိုင်တဲ့ သတင်းအချက်အလက် ဖြစ်ပြီး Computer File ဆိုတာက သတင်းအချက်အလက် (Information) ဖြစ်လာအောင် Process မပြုလုပ်ရသေးတဲ့ အချက်အလက်မူကြမ်း တွေကိုပြောတာလို. အကြမ်းဖြင်း ခွဲခြားမှတ်သား စေလိုပါတယ်။ ဥပမာ ကျောင်းတစ်ကျောင်း အနေနဲ. ကြည့်ကြပါစို.။ ဒီကျောင်းက ကျောင်းသား မောင်မောင်၊ကိုကို၊ နဲ. လှလှ တို.က စာမေးပွဲအောင်ပြီး မမက စာမေးပွဲကျတယ် ဆိုတာဟာ ဒီကျောင်းရဲ. သတင်းအချက်အလက်(Information) မဟုတ်ပါ၊ ကျောင်းနဲ. သက်ဆိုင်တဲ့ အချက်အလက်(Data) တွေဘဲဖြစ် ပါတယ်။ ဒီ အချက်အလက်(Data) တွေကို ပေါင်းစီး တွက်ချက်လိုက် တဲ့အခါ အောင်ချက် ၇၅% ရတယ်ဆိုတဲ့ အဖြေမျိုးကိုမှ ဒီကျောင်းအတွက် သတင်းအချက်အလက်(Information) လို.ခေါ်ဆို နိုင်မှာပါ။
technorati
Wednesday, September 19, 2007
Computer Network အကြောင်း လေ့လာကြပါစို. ၂
Posted by
မျိုးသန်.
at
12:28 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment