Monday, September 17, 2007

စိမ့်ရေအေးလေးတွေ ဖြည့်ထားကြပါစို.

စာရေးဆရာ ညီပုလေး ရဲ. ငြိမ်သက်တစ်မိနစ် နှင့် အခြားဝတ္ထုတိုများ စာအုပ်မှာပါတဲ့
သောက်ရေအိုးထဲက အေးစက်စိမ့်ရေ ၀တ္ထုမှ ပန်းချီကျောင်းမှ ဆရာဦးကျော်လေးက သူတပည့် ဆရာငယ်ကို ဆုံးမတဲ့ စကားလေးက လက်တွေ.ကျပြီး စိတ်ဝင်စားဖို. အလွန်ကောင်းပါတယ်။ ကဲလေ့လာကြည့်ပါ။ " ပန်းချီကျောင်းက ဆရာဆိုတာ ဘာနဲ.တူသလဲဆိုတော့ သောက်ရေအိုးနဲ. တူတယ်ကွ
မောင်အောင်မျိုးညွန်.ရ၊ သောက်ရေအိုးဆိုတာ ဆာတဲ့သူကခပ်သောက်မှာပဲ။ မင့်သောက်ရေအိုးကို
ရေဖြည့်ထားဖို.က မင့်တာဝန်။ကျောင်းသူကျောင်းသားဆိုတာ လူငယ်တွေနော်. သောက်ရေအိုးထဲက ရေကို
ခပ်သောက်လို. ရေအိုးထဲ ရေမရှိဘူးဆိုရင် ဒေါသဖြစ်ပြီး ရေအိုးကို ရိုက်ခွဲချင်ခွဲကြမှာ။ ရေအိုးမှာ ရေမရှိရင်တော့ ဘယ်သူက တန်ဖိုးထားချင်မှာလဲ။ ခွဲချင်တဲ့သူက ခွဲသွားမှာ။ အခွဲမခံချင်ရင်တော့ ..."
ဆရာက တပည့်ရဲ.မျက်နှာကို ပြုံးပြီး တစ်ချက်ကြည့်တယ်။ ပြီးမှ
" .......မင့်သောက်ရေအိုးကို ရေဖြည့်ထားပေတော့ "

ကဲ ဆရာကို မျိုးစုံပုံပမာ နှိုင်းတာကြားဘူး ဖတ်ဘူးပေမယ့် သောက်ရေအိုးနဲ. ပမာပေးတာကို
ပထမဆုံး မြင်တွေ.ဖတ်ရှုရတာပါ။ ဖတ်ပြီးပြီးချင်း ကြက်သီးများတောင် ထသွားရပါတယ်။ သဘာဝကျပြီး လက်တွေ.ဘ၀ကို ထင်ဟပ်ပြသနိုင်ပါပေတယ်။ ကျွန်တော်က ထပ်ဆင့်ပြီး ပြောလိုတာက Blog ပိုင်ဆိုင်သူ Blogger တိုင်းဟာလည်း သောက်ရေအိုးနဲ. တူတယ် လို.ဆိုချင်ပါတယ်။ Blogger ဆိုတာ ဘာပဲပြောပြော အသိပညာ မျှဝေသူပဲ မဟုတ်ပါလား။ သင် Blog ရေးပြီး သင့်ရဲ. link ကို တစ်ယောက်ကို ပေးလိုက်ပြီဆိုတာနဲ. သင့်မှာတာဝန်ရှိသွားပါပြီ။ သူက သင့် Blog မှာ
တစ်ခုခု ရနိုင်တယ် ဆိုတဲ့မျှော်လင့်ချက် နဲ. လာတာပါ။ သူမျှော်လင့်တာ ရသွားရင် နောက်လာအုံးမှာပါ။ သူမျှော် လင့်တာကို ကျွန်တော်တို.က မပေးနိုင်တဲ့ အနေအထား ဆိုရင်တော့။ နေပူထဲ ချွေးတရွှဲရွှဲ နဲ. လမ်းလျှောက်လာသူ တစ်ယောက်က ခပ်လှမ်းလှမ်း မှာ သောက်ရေအိုးကို မြင်တော့ ရေသောက်ရတော့ မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ. အားထည့် အရှိန်မြှင့်ပြီး သောက်ရေအိုးရှိရာ လာခဲ့ပြီး သောက်ရေအိုးထဲ ခွက်ကို အားထည့်ကာ ခပ်လိုက်ပေမယ့်
ရေကိုမခပ်မိ ဘဲ လေကိုသာခပ်မိမယ်ဆိုရင် သူသောက်ရေအိုးစီ ရောက်အောင် ပုံမှန်လမ်းကြောင်းကနေ ဖဲ့ဆင်း လာခဲ့ရတဲ့ အတွက် ကုန်ဆုံးသွားတဲ့ ခွန်အားနဲ.၊အချိန်တို. အတွက်သောက်ရေအိုးကို ရိုက်ခွဲနိုင်လောက် ပေသည်။ ဒီဥပမာ ကိုကြည့်၍ Blogger များအနေနဲ. မိမိ Blog ကိုလာကြည့်သူတွေ အကျိုးရှိအောင် ဖြည့်ဆည်း ထားသင့်ပါသည်။ ကဲ ရောင်းရင်းတို.ရေ ကျွန်တော်တို.ရဲ. သောက်ရေအိုးလေးတွေ ရိုက်ခွဲ မခံရလေအောင် စိမ့်ရေ
အေးအေး လေးခပ်ပြီး ဖြည့်တင်းထားကြပါစို.လား ခင်ဗျာ။
technorati

No comments: