Monday, September 17, 2007

Knowledge ပညာ

Knowledge ကို ပညာလို. အများအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပညာဟုဆိုရာတွင် ပုံမှန်သင်ယူမှု ဖြင့်တက်မြောက်သော ပညာ(အတန်းပညာရေး) ကိုသာမက ပုံမှန်သင်ယူမှု ဖြင့်မဟုတ်ဘဲ တက်မြောက်တဲ့ပညာ (ပတ်ဝန်းကျင်နီးစပ်မှု၊ မိရိုးဖလာလုပ်ငန်း) စတဲ့ကျွမ်းကျင် တက်မြောက်မှု မှန်သမျှကို ပညာဟုအဓိပ္ပါယ် သတ်မှတ်စေလိုပါတယ်။ အတန်းပညာသင်ယူတက်မြောက်သူတွေမှ ပညာတက်မဟုတ်ပါ၊ ပုံမှန်သင်ယူမှုဖြင့် မဟုတ်ဘဲ၊ နီးစပ်မှု၊ လုပ်ငန်းအတွေ.အကြုံနဲ. ကျွမ်းကျင်တက်မြောက် လာခဲ့ကြသူအားလုံးကိုလည်း ပညာတက်ဟု ပင် ခေါ်ဆိုသမုတ် ရပေမည်။ ကောက်စိုက်သမလေး တစ်ဦးကို ပညာတက်မဟုတ်ဖူးလို. သင်သက်မှတ်မယ် ဆိုရင် သင်သူ.နေရာ အစားဝင်ပြီး ၁ နာရီလုပ်ကြည့်ဖို. မပြောနဲ. ပျိုးပင်ကိုကိုင်ပြီး မြေကြီးထဲ ဘယ်လိုဝင်အောင်ထည့်ရမလဲ ဆိုတာ စဉ်းစားကြည့် ၍ ပင်ရမည်မထင်ပါ။ ဒီလိုပါဘဲ သင်လုပ်နေတဲ့ လုပ်ငန်းကိုလည်း သူစဉ်းစားဖို. မပြောနဲ. ကြားဖူးချင်မှတောင်ကြားဖူးပေမည်။ သို.ရာတွင် အားလုံးသည် မိမိ ကျွမ်းကျင် တက်မြောက်မှု နှင့် မိမိ သင့်တော်ရာလုပ်ငန်းခွင်မှာ အသုံးပြုနိုင် ကြသည်ပင်ဖြစ်ပါတယ်။
ပညာအဆင့်တွေ အကြောင်းကို ပြောချင်ပါသေးတယ်။ ဒီအဆင့်တွေကိုတော့ ဆရာကျော်ဝင်း က စိုးအောင်မေးမြန်းသည့် KYAW WIN'S SKETCH မှာအဆင့်သုံးဆင့်နဲ. ရှင်းပြသွားပါတယ်။ ပထမအဆင့်က ရှိပြီးသားပညာ တွေကိုအသုံးချတာ။ ဒီအဆင့်မှာ Knowledge worker ကအဓိကပေါ့။ နောက်တစ်ဆင့် ရောက်တော့ ပညာအသစ်တွေ ဖန်တီးယူတာ။ ဒီအဆင့်မှာ Knowledge creator ကအဓိက။ အခုတော့ ပညာတွေ မျိုးစပ်နိုင်အောင် ဖလှယ်ကြတဲ့အဆင့်။ Knowledge shareing လို.ခေါ်တယ်။ ဒီမှာရှေ.ရောက် လာတာက open source သမားတွေ။ 'တံခါးဖွင့်စူးစမ်းရှာဖွေသူတွေ' ပေါ့ဗျာ။ ဖွံ.ဖြိုးပြီးနိုင်ငံတွေမှာ ဒီအဆင့်ရောက်နေပြီ။ အထက်က ဆရာကျော်ဝင်း ပြောတဲ့အတိုင်း ဖေါ်ပြထားတာပါ။ ကျွန်တော်ကတော့ ဆရာပြောတဲ့ ပထမအဆင့်မတိုင်မှီမှာ ပညာတွေကိုမှတ်သားရုံ မှတ်သားတဲ့ Knowledge store ဆိုတဲ့ အဆင့်များရှိ လေဦးမလားလို. .............
technorati

No comments: