၁၃ရက် ၁၀လ ၂၀၀၇ မွန်းလွဲပိုင်းကနေစပြီး Internet ကိုပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်ခဲ့ပါပြီ။ ဒီအတွက် များစွာဝမ်းမြောက်မိပါသည်။ Internet ကိုအချိန်ပြည့် ပြန်လည်အသုံးပြုခွင့် ရသည့်အချိန်သည် ကျွန်တော့် Blog ကို အကြိမ်တစ်ထောင်မြောက် မျှဝေခွင့် ရရှိသည့် အချိန်နဲ့လည်း တိုက်ဆိုင်နေသဖြင့် ပိုမိုဝမ်းမြောက်မိပါသည်။ Internet အချိန်ပိုင်းရရှိစဉ်ကာလအတွင်း Post ၃ခု လောက်သာတင်ဖြစ်ခဲ့ပါသည်။ ကျွန်တော့် အနေဖြင့် နေ့ဖက်တွင် Internet သုံးရန် အခြေအနေမပးပါ။ ညဖက်ကြလျှင်လည်း Dial-up connection ဖြင့်သာအသုံးပြုရပါသည်။ Connection ရအောင်မနည်း ကြိုးစားရပြီး connection ရသည့်အချိန် လေးမှာလည်း အလုပ်ကစ္စများကို ပြီးပြတ်အောင် ပြုလုပ်နေရသည့် အတွက် Post အသစ်များ မတင်ဖြစ်ခြင်းဖြစ်ပါသည်။ ဒီအတွက် ပုံမှန်လာရောက် ကြည့်ရှုကြသူအားလုံးက စာနာနားလည်ပေးကြလိမ့်မည် ဟုယုံကြည်မျှော်လင့်ပါသည်။ ပုံမှန် Post တွေတင်နိုင်အောင်ကြိုးစားပါ့မယ်လို့ ....
Monday, October 15, 2007
နားမျက်စိတွေ ပြန်ပွင့်လာပြီ၊ ပုံမှန် Post တွေတင်နိုင်အောင်ကြိုးစားပါ့မယ်
Posted by
မျိုးသန်.
at
10:53 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment