Sunday, December 2, 2007

သွေး

၂၇-၁၁-၂၀၀၇

ကျွန်တော်မနေ့မနက် ၂ နာရီက အိပ်ရာထပြီး အောင်မင်္ဂလာအဝေးပြေးကနေ ၄ နာရီကားနဲ့ ပြည်မရောက်ခင် ပေါင်းတည် ဆို့တဲ့ မြို့ကို မှတ်ပုံတင်ကိစ္စနဲ့ သွားခဲ့တယ်။ ကံကောင်းတော့ ရုံးကိစ္စတွေက ၁၂ နာရီလောက်ထဲက ပြီးသွားတယ်။ လူကလဲ ညက ၃ နာရီလောက်ပဲအိပ်ရတော့ တော်တော်ပင်ပန်းနေပြီ။ ဒါပေမယ့် ကျွန်တော်ကို ပေါင်းတည်ကလူတွေ အားလုံးတားနေတဲ့ ကြားထဲက ၂ နာရီလောက်မှာပြန်ခဲ့တယ်။ အိမ်ကိုည ၉ နာရီကျော်လောက် ပြန်ရောက်တယ်။ သွားတဲ့ကားကလည်း အမြန်ယာဉ် အဝေးပြေးကို အသွားအပြန်ကလဲ Bus ဆိုတော့ တော်တော်တော့ ပင်ပန်းတယ်။ ညစာကောင်းကောင်းစားပြီး ၁၀ နာရီ ထိုးလောက်မှာ အိပ်လိုက်တယ်။
မနက် ၆ နာရီခွဲမှာထတယ်။ နောက် ရေကူးသင်တန်းက သင်တန်းပိတ်တာနဲ့ ကိုယ်မတက်ဖြစ်တာရယ်နဲ့က စုစုပေါင်း ၇ ၇က်လောက်ဖြစ်နေတော့ ၈ နာရီကနေ ၉ နာရီကျော် အထိရေသွားကူးလိုက်တယ်။ ရေကူးကန်က အားလူးကြော် ၀ယ်စားပြီး အိမ်ပြန်ရောက်တော့လဲ မနက်စာကို ၀အောင်စားပြီး ကော်ဖီခပ်များများလေး သောက်လိုက်တယ်။ ဘာကြောင်ကျွန်တော် ခရီးကနေ မရောက်ရောက်အောင်ပြန်လာ၊ ညကိုအိပ်ရေးဝအောင်အိပ်၊ အစားကိုကောင်းကောင်း စားနေရသလဲ ဆိုရင် ဒီနေ့ဟာ ၂၇-၁၁-၂၀၀၇ ဖြစ်နေလို့ပါ။
ဒီနေ့ဟာကျွန်တော့် ဘ၀အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်သလို လွန်ခဲ့တဲ့ ၄ လကျော်ထဲက ကြိုတင်စီစဉ်ထားတဲ့ ကိစ္စလေး
ပျက်သွားခဲ့မှာစိုးရိမ်လို့ပါ။ အဒီကိစ္စက သွေးလှူဖို့ပါ။ ကျွန်တော် ၂၀၀၅ ခုနှစ်ကစပြီး ပုံမှန်သွေးလှူဖြစ်ပါတယ်။ သွေးက ၄ လမှတစ်ကြိမ် လှူလို့ ရတာပါ။ ပထမတစ်ကြိမ်လှူပြီး ၄ လပြည့်ပြီး နောက်ရပ်သိပ်မကွာခင်မှာဘဲ ဒုတိယအကြိမ် လှူဖြစ်ခဲ့ပါတယ်။ အဒီနောက်မှာတော့ ၄ လပြည့်ပြီး သွားမလှူဖြစ်ရင်တောင် သွေးအရေးပေါ်လိုတဲ့ အခါ ကျွန်တော့်ကိုလာလှူနိုင် မလားလို့ အမြဲ ဖုန်းဆက်ပေးပါတယ်။ တတိယအကြိမ်လှူလို့ ၄ လပြည့်ပြီး တော်တော်ကြာတာတောင် ကျွန်တော် သွေးထပ်မလှူဖြစ်ပါဘူး။ ၂၆-၇-၂၀၀၇ နေ့မှာ ကျွန်တော်ဖုန်း လာနေတယ်ဆိုတော့သွားကိုင်လိုက်တော် သွေးဘဏ်ကဖြစ်နေပါတယ်။ သွေးလိုနေလို့ လာလှူပေးနိုင်မလားဆိုပြီး လှမ်းအကူအညီတောင်းတာပါ။ အဒီနေ့ကကျွန်တော် အလုပ်လည်းမပြီးသေးတာနဲ့ မနက်ဖြန်မနက်မှာ လာလှူပေးပါမယ် အဆင်ပြေမလား ဆိုတော့ ပြေပါတယ်ဆိုတာနဲ့ ကျွန်တော်လှူပေးရမယ့် လူနာရဲ့ နာမည်၊ အဆောင်၊ လိပ်စာတွေကို မှတ်ထားလိုက်ပါတယ်။ ၂၇-၇-၂၀၀၇ နေ့ မနက် သွေးသွားလှူလိုက်ပါတယ် အဒီမှာ ကျွန်တော့် သွေးလှူရှင် ကတ်ပေါ်မှာ သွေးပြန်လည်လှူဒါန်း နိုင်တယ်ဆိုတဲ့ date ကိုကြည့်လိုက်တော့ ၂၇-၁၁-၂၀၀၇ ။ ကျွန်တော့် ဘ၀ရဲ့ အရေးပါတဲ့ နေ့ တစ်နေ့ပါလား။ အဒီမှာကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ် အဒီနေ့မဖြစ်ဖြစ်အောင် သွေးလှူမယ်။.
ကျွန်တော်မျှော်လင့်နေတဲ့ နေ့တော့ရောက်လာပြီ။ သွေးဘဏ်ကို ၅ ကြိမ်မြောက် သွေးလာလှူတာဖြစ်ပေမယ့် တစ်ခါမှမဖြစ်ဖူးတဲ့ စိုးရိမ်စိတ် လှူလို့ရမှရပါ့မလား ?။ Form လေးဖြည့်ပြီး အခန်း ၁ မှာ သွေးနီဥ အားကောင်းမကောင်း စစ်ရတယ်။ လက်ထိပ်ဖေါက်ပြီး သွေးညှစ်တော့တော်တော်နဲ့ မထွက်ဖူး။ ထွက်ပြန်တော့်လည်း ဆေးခွက်လေးထဲကို ကျသွားတဲ့ သွေးစက်လေးတွေကို ကြည့်ရင်းရင်တထိပ်ထိပ်၊ ဓါတ်ခွဲမှူး ဆရာမက Form ပေါ်မှာ သက်မှတ်ပမာဏ ပြည့်မှီကြောင်းရေးတော့မှ စိတတ်ကနည်းနည်းချမ်းသာသွားတယ်။ ၅၀ % တော့သေချာပြီ။ နောက်သွေးလှူသင့်၊ မလှူသင့်ဆုံးဖြတ်နိုင်ဖို့ မေးခွန်းလေးတွေဖြေပြီး တာဝန်ကျဆရာဝန်ထံမှာ သွေးပေါင်ချိန်၊ ဆရာဝန်က Normal တဲ့ အိုးပျော်လိုက်တာ OK ငါသွေးလှူလို့ရတာ သေချာသွားပြီ။
သွေးထုတ်နေရင်းနဲ့ မိဖနှစ်ပါး၊ ကျေးဇူးရှင်တွေ၊ လွန်ခဲ့တဲ့ ၂ လခန့်ကွယ်လွန်ခဲ့တဲ့သူတွေ၊ သူတို့ကို အဓိကထားပြီး သတ္တ၀ါတွေကို
မေတ္တာပို့နေလိုက်တယ်။ နောက်ဘယ်သူမှန်း မသိတဲ့ ကျွန်တော်သွေးကို လက်ခံမယ့်သူလဲပါတာပေါ့။ ပြီးတော့ ရုံးကို TAXI နဲ့ပဲသွားလိုက်တယ်။ ရုံးရောက်တော့ ရုံးခန်းကမနေ့ သေါးဘဏ်က သွေးလိုလို့ ဖုန်းဆက်တယ်ဆိုတော့ ပိုဝမ်းသာသွားတယ်။ ငါသွေးသွားလှူဖြစ်တာ အတော်ပါလားလို့။
အားလုံကို အခြေအနေပေးခဲ့မယ် ကိုယ်ကိုကိုယ် ယုံကြည်စိတ်ချနိုင်တဲ့ အနေအထားတွေရှိနေခဲ့မယ် ဆိုရင် သွေးလှူဖို့တိုက်တွန်းပါတယ်။ ဘယ်လိုအနေ အထားမှာသွေးလှူလို့ရတယ် ကောင်းကျိုး၊ ဆုးကျိုးတေါကို သိချင်ရင်ကျွန်တော်ကို ဆက်သွယ်ပါ တက်နိုင်သမျှ သိသမျှ ၀ိုင်းဆွေးနွေးပေးပါမယ်။ ဒါမှမဟုတ် လှူချင်တယ် ဘယ်လိုသွားလှူရမလဲမသိရင်လည်း ဆက်သွယ်ပါ လိုက်ပို့ပေးပါမယ်( ရန်ကုန်ကလူတွေပေါ့ )။ ကိုယ်လှူလိုက်တဲ့ သွေးတစ်ပုလင်းက ကိုယ့်အတွက် ဘာမှဖြစ်မသွားပေမယ့် လက်ခံလိုက်ရသူအဖို့ ကိုယ့်သွေးတစ်ပုလင်းကြောင့် အသက်ရှင်နိုင်တဲ့ အခွင့်အလမ်းရသွားနိုင်ပါတယ်။ စဉ်းစားကြည့်ပါ ဘယ်လောက်ကြည်နူးဖို့ ကောင်းသလဲ။ နောက်သွေးပုံမှန် လှူဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ် အလိုလျောက် စောင့်ထိမ်းပြီသားလည်း ဖြစ်သွားတယ်။ ဒါကြောင့် အားလုံးကို အခြေအနေပေးခဲ့မယ်ဆိုရင် သွေးလှူဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

( ဒီ Post ကို ၂၇-၁၁-၂၀၀၇ ကတင်ချင်တာပါ။ အကြောင်းမညီညွတ်လို့ ဒီနေ့မှတင်ဖြစ်တာပါ။ )

technorati

No comments: