Saturday, December 1, 2007

ကျွန်တော်ရွာထဲတကယ်ပြန်ဝင်ပြီ

ကျွန်တော် Post အသစ်မတင်နိုင်တာက မအားလို့လည်းပါသလို အဓိကအကြောင်းအရင်းကတော့ ကျွန်တော်ညဘက် ပုံမှန်သုံးဖို့ အခွင့်အလမ်းရှိတဲ့နေရာက Internet ပျက်နေလို့ပါ။ ပျက်နေတာ တော်တော်လေးကြာပြီး ငွေတွေက ADSL အသစ်တစ်လိုင်းလျှောက်လို့ ရနိုင်လောက်တဲ့အထိ ကုန်တာတောင် တာဝန်ရှိတဲ့ ISP ဘက်က မဖြစ်သင့်တဲ့ စေ့စပ်မသေချာမှုတွေ ရှိနေတာကြောင့် ပုံမှန်ထက် ၂လ လောက် နောက်ကျပြီးမှ ပြန်လည်အသုံးပြုခွင့် ရခဲ့ပါတယ်။
အခု ပြန်လည်အသုံးပြုလို့ရပြီး ပထမဦးဆုံး ဒီ Post လေးကိုရေးတာပါ။ ကျွန်တော့် Internet မရခင်က နေ့တိုင်း Internet သုံးဖြစ်ပေမယ့် အလုပ်ကိစ္စတွေကိုဘဲ ဦးစားပေး သုံးနေရတဲ့အတွက် Post အသစ်မတင်နိုင်တာပါ။ ဒီအတောအတွင်း လာရောက်ကြည့်ရှုခဲ့ကြသူ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ အခုကျွန်တော် ရွာပြင်ကနေ ရွာထဲပြန်ရောက်လာပြီဆို့တော့ ကျွန်တော် Post တွေပုံမှန် ပြန်တင်ဖြစ်တော့မှာပါလို့ အားလုံးကို အသိပေးပါတယ်။
လာရောက် ကြည့်ရှု၊ ဝေဖန်၊ ဆွေးနွေး၊ အကြံပေးသူ အားလုံးကို အစဉ်ကြိုဆို၊ ကျေးဇူးတင်လျှက်

ကိုမျိုးသန့်

No comments: